လေးစားရပါသော Web Developers များ ခင်ဗျာ ။ ယခုနောက်ဆုံးထွက် Firefox Nightly မှာ WebIDE လို့ခေါ်တဲ့ Integrated Development Environment တစ်ခု ပါလာပါတယ် ။ စမ်းသပ် ( ကလိ ) ချင်သူများ အနေနဲ့ကတော့ ရှေးဦးစွာ Firefox Nightly ကို မိမိ နှိပ်ဆက် လေ့ရှိသော ကွန်ပျူတာမှာ အရင် တပ်ဆင်ရမှာ ဖြစ်ပါတယ်။
Enable It
ရွှေဉာဏ်တော်စူးရောက်သူများ အလွယ်တကူ တွေ့ရှိသွားမည် စိုးသဖြင့် WebIDE အား မူလတွင် လူမမြင် အောင် ဖျောက်ထားရတာ ဖြစ်ပါတယ်။ မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားအတိုင်း သိတဲ့ သူတွေ ဖြစ်သွားအောင် အရင် ဖော်စားရမှာဖြစ်ပါတယ်။
Website Address ရိုက်နေကြ Awesome Bar မှာ about:config ဆိုပြီးရင် ရိုက်ထည့် ပါ ။ ပြီးရင် ကျလာတဲ့ ဖောင် ထဲက Search ကိုသုံးပြီး ဒီ ( devtools.webide.enabled ) ကီးစာလုံးကို ရှာ။ Boolean Value ကို True ပြောင်းလိုက်တာနဲ့ အောက်ပါအတိုင်း Tools > Web Developer Menu အောက်မှ WebIDE ဆိုပြီး သိသာထင်ရှားစွာ ပေါပေါက်လာမှာဖြစ်ပါတယ်။
Use it
ကဲ ပေါက်လာတဲ့ အပင်ကို ခုတ်မရောင်းပါနဲ့ ၊ သုံးကြည့်ပါ အရမ်းကောင်းပါတယ် ( ကြေညာတာမဟုတ်ဘူးနော် ) ။ အရင် ကိုယ်ရေးနေကြ App တွေ ကိုယ်လုပ်နေကြ ဟာတွေကို ပစ်ပြီး ဒါကို လာသုံးရမယ်လို့ ပြောတာမဟုတ်ပါဘူး စမ်းကြည့်ကြပါ လို့ဆိုလိုတာပါ။
Project တစ်ခု အစမ်း လုပ်ကြည့်မယ်ဆိုရင် ဘယ်ဘက် ထောင့်က အိုင်ကွန်ကို နှိပ်ပြီး New App ကနေလုပ်ရမှာဖြစ်ပါတယ်။ Sample အနေနဲ့ App နှစ်မျိုးပေးထားပြီး ကြိုက်တာကို ရွေး စမ်းနိုင်ပါတယ်။ Sample Code ဆိုတဲ့အတိုင်း Working Code လောက်တော့ ကူးချလို့မကောင်းပေးမယ့် Reference လုပ်ဖို့တော့ အရမ်းကောင်းပါတယ် ( အရမ်းမကူးနဲ့နော် ) ။
လေ့လာရသလောက်ကတော့ Front-End သမားတွေအတွက်ကောင်းမယ်လို့ထင်ပါတယ်။ ပြီးတော့ FirefoxOS မှာ App ရေးချင်တဲ့ လူတွေအတွက်ပေါ့ ။ Android မှာဆို Android Studio ၊ iOS မှာဆို Xcode ဆိုသလိုပေါ့ဗျာ သူတို့လောက်တော့မကောင်းသေးပေမယ့် သူတို့လိုရည်ရွယ်ချက်နဲ့ပဲ ဒီ IDE ကို ထည့်ပေးထားတာဖြစ်ပါတယ်။ တခြား ဘာတွေလုပ်လို့ရလဲဆိုတာ ဆက်ကြည့်မယ်။
Setting ထဲမှာ Keybindings တွေပြောင်းလို့ရမယ်။ Vim သုံးနေကျလူတွေ Vim မှာလို Keymap တွေသုံးမယ် ။ အခြား ဘာမှ ထွေထွေထူးထူး တော့မရှိပါဘူး ။
FirefoxOS Simulator တွေဖြစ်ပါတယ်။ ကိုယ်ရေးတဲ့ App ကို တစ်ခါထဲ Simulator နဲ့ စမ်းလို့ရအောင် ထည့်ပေးထားတာဖြစ်ပါတယ်။
ဒါကတော့ အစော က Sample App ကို Simulator နဲ့ ကြည့်နေတာဖြစ်ပါတယ်။
ဆက်လက်ပြီး စမ်းသပ် ကလိဖို့ က ပရိတ်သတ်ကြီးသဘောပဲ ဖြစ်ပါတယ် ။ လက်တို့ဖို့က တော့ကိုယ့်အလုပ်ပေါ့။
ကျေးဇူးတင်ပါတယ်။
No responses
Post a comment