Burmese Language Pack AddOn

မြန်မာဘာသာဖြင့် Firefox Browser အား သုံးဆွဲလိုသူတွေ သုံးဆွဲဖို့လိုအပ်နေသူတွေ အတွက် Language Pack Addon ထုတ်ပေးလိုက်ပါတယ်။ Firefox ကို မြန်မာဘာသာနဲ့ ဒေါင်းလုဒ်ရယူသုံးဆွဲ လို့ရပေမယ့် Stable ဗားရှင်းအနေဖြင့် မထုတ်နိုင်သေးတာကြောင့် လတ်တလော Add-On အနေနဲ့ သုံးဆွဲနိုင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်။

Burmese (MY) Language Pack

AMO Link ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

https://addons.mozilla.org/en-US/firefox/addon/burmese-my-language-pack/

အသုံးပြုပုံ။

အသုံးပြုဖို့အတွက် Local Switcher ဆိုတဲ့ Add-On ကို အရင် Install လုပ်ရမှာဖြစ်ပါတယ်။ အောက်က လင်ခ့် ကိုသွားရောက်ပြီး တပ်ဆင်ပါ။

https://addons.mozilla.org/en-US/firefox/addon/locale-switcher/

၎င်း Add-on က သင့် Tools Menu ထဲကို Languages ဆိုတဲ့ Item တစ်ခု ထပ်ထည့်ပေးပါလိမ့်မယ်။ အလွယ်တကူ ဘာသာစကားပြောင်းလဲ သုံးဆွဲနိုင်ဖို့ ဒီ Add-On နဲ့ ပူးတွဲ သုံးဆွဲဖို့ အကြံပေးလိုပါတယ်။

Language pack ကို အင်စတောလုပ်ပြီးပြီ ဆိုတာနဲ့ Languages အောက်မှာ Burmese ဆိုတဲ့ Item တစ်ခုတိုးလာပါလိမ့်မယ်။

 

Screen Shot 2014-08-12 at 1.02.38 AMBurmese ကိုရွေးပြီး Firefox ကို Restart တစ်ခါ ချလိုက်တာနဲ့ မြန်မာဘာသာဖြင့် သုံးဆွဲနိုင်မှာဖြစ်ပါတယ်။

Firefox နောက်ဆုံး ဗားရှင်း 31.0 နဲ့ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ အခြား ဗားရှင်း အဟောင်းများ နဲ့ လုပ်မလုပ်တော့ မစမ်းသပ်ရသေးပါဘူး ။  အဆင်မပြေတာ မှားနေတာတွေရှိပါ က ကျွန်တော်တို့ Facebook Group ထဲကို ပိုစ့်တင်ပြီးလာပြောနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်

No responses

Post a comment

Post Your Comment