မော်ဇီလာ မြန်မာ

ယခင်နှစ် ၂၀၁၂ ခုနှစ် တစ်နှစ်လုံး ကျွန်တော် ရုံးလုပ်ငန်းတွေနဲ့ အလုပ်များနေခဲ့တော့ တခြား ကွန်မြူနတီ တွေ Meet Ups ​တွေ မသွားဖြစ် မရောက်ဖြစ်ခဲ့ပါဘူး ။ အခု နှစ် အစပိုင်းမှာတော့ ကျွန်တော် ဘားကန့်ရန်ကုန် ကို စတတ်ဖြစ်ပါတယ်။ ဒီနောက် ဆက်တိုက် ပါပဲ ။ အခုပြောချင်တာကတော့

မော်ဇီလာမြန်မာ

မအကီနိုမိတ်ဆက်ပေးမှူကြောင့် မော်ဇီလာ လိုကယ်လိုက်ဇေးရှင်း ကို စလုပ်ဖြစ်ပါတယ်။ စလုပ်တုန်းကတော့ နာရိုး (Narro) ပေါ်တယ်မှာ လုပ်ခဲ့ရတာပါ။ အရင် လုပ်ခဲ့တဲ့လူ ရဲ့လေးဆယ်ရာခိုင်နှူန်း ကို ဆက်လုပ်ဖို့ပါ။ ဒါပေမယ့် ဖိုင်းယားဖောက်စ်ဗားရှင်း ပြောင်းလာတာနဲ့အမျှ စာလုံး တွေပြောင်းလာတော့ အကုန်နီးပါး ပြန် Update လုပ်ခဲ့ရပါတယ်။ ဗဟုသုတ လဲအရမ်းနည်းခဲ့ပြီး အဆင်မပြေတွေဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း မှာတော့ အခြား လူတွေ ဆီက ကိုးကား သင်ယူပြီး အချို့အချက်အလက်လေးတွေ အဆင်ပြေပြီး အရှိန်လေး ရလာခဲ့ကာမှ အလုပ်ဝင်လိုက်လို့တော်တော်ကို မအားဖြစ်သွားပါသေးတယ်။

ကွန်မြူနတီတစ်ခုပါ အင်တာနက် ကို ကောင်းမွန်တဲ့ ပွင့်လင်းမြင်သာမှူရှိတ​ဲ့ ပတ်ဝန်းကျင် တစ်ခု အသိုင်း အဝန်းကြီး တစ်ခု ပြန်ဖြစ်အောင် လုပ်ဖို့ Open Source ကို ပိုပြီး အောင်မြင်ဖို့လူတွေ ကြားမှာ အသိပညာရဖို့အတွက် မော်ဇီလာ က လုပ်တာဖြစ်ပါတယ် ။ ဒီနေရာမှာ ပြောချင်သေးတာက မိုဇီလာ သို့ မော်ဇီလာ ကိုယ်ကြိုက်တာသုံးလို့ရပါတယ်။ ဘယ်ဟာကို သုံးပါလို့ဘယ်သူမှ မပြဌာန်း ထားသလို အားလုံးသဘောတူပြီး သုံးတဲ့ Terms လဲမတွေ့မိသေးလို့ အသေးစိတ် မပြောတော့ပါဘူး ။

မော်ဇီလာရဲ့ ကွန်မြူနတီ မန်နေဂျာတစ်ယောက် ဖြစ်တ​ဲ့ မစ္စတာ အာကီအာကီ လာဖို့ရှိတယ်။ Localization Sprint လုပ်ကြမယ်ဆိုပြီး ကျွန်တော် ပြန်လှူပ်ရှားဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အာကီက ရန်ကုန်ဘားကန့် မှာ လှူပ်ရှား ကြမယ်ဆိုပြီး ကျွန်တော်တို့ မော်ဇီလာ အကြောင်း ဖိုင်းယားဖောက်စ်အကြောင်း ဖိုင်းယားဖောက်စ် အိုအက်စ်အကြောင်း ပြောခဲ့ကြပါတယ်။

အောက်ပါပုံမှာ အာကီအာကီမှ ပရိတ်သတ်အား How To Become A Hacker ခေါင်းစဉ် ဖြင့် ဆွေးနွေးပြောပြနေခြင်း ဖြစ်ပါတယ်။

ထို့နောက် ဇန်နဝါရီလ နှစ်ဆယ့်တစ်ရက်နေ့ လှည်းတန်းကုန်းအောက်အနီး ဆိုင်လို ထရိတ်ဒင်း ရုံးခန်းမှာ ကျွန်တော်တို့ Sprint လေးကို နေ့လည်တစ်ရာရီမှာ စတင်ပြုလုပ်ဖြစ်ပါတယ်။

ဒါလေးကတော့ အာကီက အားလုံးကို ဖိုင်းယားဖောက်စ် အကြောင်း ပြောပြနေခြင်းပါ

တော်တော်များများမှာတော့ ကျွန်တော်ကူညီတာ လိုအပ်တာလုပ်ပေးတာ ပြီးတော့ မြန်မာစကားနဲ့ပြောသင့်တဲ့နေရာတွေမှာ ကျွန်တော်ပြောတာကလွဲပြီး တော်တော်များများကို မစ္စတာအာကီအာကီ ဦးဆောင်ညှိနှိူင်း ကျင်းပခဲ့ကြပါတယ်။

ဒါကတော့ အားလုံးစုပြီး ဘာသာဘယ်လိုပြန်လဲဆိုတာ သင်ယူ ပြန်ဆိုနေကြတာပါ။

စုပေါင်းသင်ယူနေစဉ်စုပေါင်းသင်ယူနေစဉ်

မန္တလေး ဘားကန့်ကိုလဲ ကျွန်တော် မော်ဇီလာ မှ တာဝန်ရှိသူတစ်ယောက် အနေနဲ့ တက်ခဲ့ပါသေးတယ် ။ ကျွန်တော့်မြို့ရဲ့ ဘားကန့် မှာ ကျွန်​တော် ဖိုင်းယားဖောစ် အိုအက်စ်အကြောင်း လိုကယ်လိုက်ဇေးရှင်း အကြောင်း မော်ဇီလာ အကြောင်းပြောပြခဲ့ပါတယ် ။

ပြောခဲ့တဲ့ ဖိုင်တွေကို ဖိုင် အမျိုးအစား မျိုးစုံနဲ့ ကျွန်တော် ဖေစ့်ဘုတ် အဖွဲ့ထဲမှာ တင်ထားပေးမှာ ဖြစ်ပါတယ်။

ထူးခြားမှူတစ်ခုအနေနဲ့ကတော့ မော်ဇီလာ အင်ဒိုနီးရှား မှာ သူငယ်ချင်း RaRa နဲ့တွေ့ဆုံခဲ့ခြင်းပါပဲ ။ RaRa က ခရီးတစ်ခုအနေနဲ့ မန္တလေးကို အလည်ရောက်တုန်းတွေ့ဆုံပြီး ၎င်းတို့ ကွန်မြူနတီ အကြောင်း လေ့လာခဲ့ပါတယ်။

အောက်ကတော့ RaRa နှင့် ကျွန်တော် အမှတ်တရ ဓာတ်ပုံရိုက်ယူထား ခြင်းဖြစ်ပါတယ်။ မန္တလေး ဘားကန့် ပထမနေ့ကဖြစ်ပါတယ်။

RaRa N Me

အခုလမှာတော့ moz cafe လေးတစ်ခုလုပ်ဖို့စီစဉ်နေပါတယ်။ လာမယ့် Moz Camp လေးမှာ ရှေ့ဆက်ပြီး လှူပ်ရှားမှူ စိတ်စိတ်လေးတွေ လုပ်ဖို့အားလုံးနဲ့တိုင်ပင်သွားကြမှာဖြစ်ပါတယ်။ ပြီးတော့ အခြား အကြောင်းအရာလေးတွေ ဆွေးနွေးပြီး မော်ဇီလာ ဖိုင်းယားဖောက်စ်မြန်မာဗားရှင်း ထုတ်လုပ်ဖို့ အဓိက ထားမှာ ဖြစ်ပါတယ်။

 

တင်အောင်လင်း

2 responses

Post a comment

  1. Lionslayer wrote on :

    Cannot view the attached images.

    Reply

    1. tinaunglinn wrote on :

      ကျွန်တော့်ဘလောဂ်ကနေ ယူထားတာ ဆိုတော့ ဘလောဂ် ပျက်သွားတော့ ပုံတွေပါ ပျောက်ကုန်တာ အခု ပြန်တင်ထားလိုက်ပြီ။

      တင်အောင်လင်း

      Reply

Post Your Comment