FFOS Localization Project in 100% progress

Posted by tinaunglinn

0

Hi all,

How is everything with your browsing life ? You may be busy with your bookmarks and passwords, but here is the quick message for you.

Last year, we started localization of FirefoxOS into Burmese language and now the project is at complete progress as we speak. You might be wondering about FFOS if you haven’t heard about it.  Check its official landing page here at mozilla.org .

FFFOS has already been to Asian Countries, Bangladesh and Philippines , and is coming for Myanmar with a localized version of OS. Currently we are improving the input method of Burmese language for FFOS and make it accessible for low end devices. The community is helping with localization, standardization and the local telecoms like Telenor would introduce the FFOS devices to the market with affordable price.

Stay tuned.

Firefox Developer Edition

Posted by tinaunglinn

0

မင်္ဂလာ { မနက် ၊ နေ့လည် ၊ ညနေ ၊ ညချမ်း | သန်းခေါင် ၊ အရုဏ်ဦး } ပါခင်ဗျာ ။

နောက်ဆုံး သတင်း တစ်ခုအနေနဲ့ တင်ပြချင်တာကတော့ မိုဇီလာက Developer တွေအတွက်ဆိုပြီး ဘယောက်ဆာ အသစ်တစ်ခုထုတ်လိုက်တဲ့ အကြောင်းပါ ။

သတင်းအစုံအလင်မှာ

Web Developer/App Developer တွေ အဆင်ပြေလွယ်ကူစေရန်အတွက် Mozilla မှ Firefox Developer Edition ဆိုပြီး Browser အသစ်တစ်ခု ထုတ်လုပ်လိုက်ပါတယ်။  အဓိက ရည်ရွယ်ချက်ကတော့ အသစ်ထွက်ပေါ်လာတဲ့ နည်းပညာတွေကို လွယ်ကူလျှင်မြန်စွာ အသုံးချနိုင်ဖို့ဖြစ်ပြီး Developer များအတွက် အကူအညီပေးမယ့် Feature အသစ် တွေ ထည့်သွင်းပေးထား တယ်လို့ သိရပါတယ် ။

၎င်း Browser ကို အသုံးပြု/စမ်းသပ်လိုသူတွေ အနေနဲ့ကတော့ ဒီလင်ခ့်[https://www.mozilla.org/en-US/firefox/developer/]  မှာ သွားရောက်ဒေါင်းလုဒ်ရယူ နိုင်ပါတယ်။

အထူး ပါဝင်လာသော အချို့ Feature များကတော့ –

WebIDE [ Web Integrated Development Environment ]

မိဘပြည်သူများ ကြားဘူးကြတဲ့အတိုင်း Android,iOS စတဲ့ Mobile Platform Developer တွေအတွက် Android Studio , Xcode စတဲ့ IDE တွေရှိသလို Web Developer များအတွက် ပထမဆုံး ထွက်ရှိလာတဲ့ WebIDE ဖြစ်ပါတယ်။

Project ဖိုင်များအား စီမံခန့်ခွဲခြင်း ၊ FirefoxOS APP များ Debug/Deploy လုပ်ခြင်း ၊ ရှိပြီးသား FirefoxOS APP အား ( From your phone ) Debug လုပ်ခြင်း code များ လေ့လာခြင်း စသည်တို့အား ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Firefox Developer Edtion မှာ WebIDE အား အသုံးပြုလိုပါက Tools >> Web Developer >> WebIDE မှာ တွေ့ရှိရမှာဖြစ်ပါတယ်။ အခြား Firefox ဗားရှင်းများ နှင့်မတူ မူလ လုပ်ဆောင်ချက်အနေဖြင့် ပါဝင်လာမှာဖြစ်တဲ့အတွက် ခက်ခက်ခဲခဲ လိုက်ဖွင့်ဖို့လည်း မလိုတော့ဘူးလို့ သိရပါတယ်။

Valence

Firefox Developer Edition ကို အသုံးပြုပြီး အခြား Browser များအတွက်လည်း Debug ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ၎င်း Feature အား ရာနှူန်းပြည့် အသုံးပြု ရန် အချို့ အချက်အလက်များ ကို လိုက်နာ လုပ်ဆောင်ပေးဖို့လိုတယ်လို့သိရပါတယ် ။ အသေးစိတ်အား ဒီလင်ခ့်[https://developer.mozilla.org/en-US/docs/Tools/Valence] မှာ အင်္ဂလိပ် ဘာသာဖြင့် ဖတ်ရှု လေ့လာနိုင်ပါတယ်။

သရုပ်ပြ ဗီဒီယိုအား Youtube[https://www.youtube.com/watch?v=eH0R10Ga4Hs] ပေါ်မှာ သွားရောက်ကြည့်ရှု နိုင်တယ်လို့လည်း သတင်းရရှိပါတယ်။ Development အတွက် Browser တစ်မျိုး ထဲကနေပြီး အ​ခြား Browser များ ( Chrome for Desktop,iOS  and Safari for iPad and iPhone ) အတွက် မိမိ App ကို Debug ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

ဒီနေ့ { မနက် ၊ နေ့လည် ၊ ညနေ ၊ ညချမ်း | သန်းခေါင် ၊ အရုဏ်ဦး } သတင်းကို ဒီမှာ ပဲရပ်နားပါရစေ။
အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည်စုံ ကြပါစေဗျာ။

တင်အောင်လင်း

Introducting WebIDE

Posted by tinaunglinn

0

လေးစားရပါသော Web Developers များ ခင်ဗျာ ။ ယခုနောက်ဆုံးထွက် Firefox Nightly မှာ WebIDE လို့ခေါ်တဲ့ Integrated Development Environment တစ်ခု ပါလာပါတယ် ။ စမ်းသပ် ( ကလိ ) ချင်သူများ အနေနဲ့ကတော့ ရှေးဦးစွာ Firefox Nightly ကို မိမိ နှိပ်ဆက် လေ့ရှိသော ကွန်ပျူတာမှာ အရင် တပ်ဆင်ရမှာ ဖြစ်ပါတယ်။ Continue reading …

Burmese Language Pack AddOn

Posted by tinaunglinn

0

မြန်မာဘာသာဖြင့် Firefox Browser အား သုံးဆွဲလိုသူတွေ သုံးဆွဲဖို့လိုအပ်နေသူတွေ အတွက် Language Pack Addon ထုတ်ပေးလိုက်ပါတယ်။ Firefox ကို မြန်မာဘာသာနဲ့ ဒေါင်းလုဒ်ရယူသုံးဆွဲ လို့ရပေမယ့် Stable ဗားရှင်းအနေဖြင့် မထုတ်နိုင်သေးတာကြောင့် လတ်တလော Add-On အနေနဲ့ သုံးဆွဲနိုင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်။ Continue reading …

HTML5 Context Menu

Posted by tinaunglinn

0

ဒီနေ့တော့ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာလေးတစ်ခု ရေးချင်ပါတယ်။ HTML5 Context Menu API အကြောင်းအနည်းငယ်ပါ။ သိပ် အခက်ကြီးမဟုတ်ပေမယ့် အချို့နေရာ တွေမှာ အသုံးဝင်နိုင်တဲ့ အတွက် ပြောပြချင်ပါတယ်။

Context Menu

ဘယောက်ဆာ တွေတော်တော်များများ မှာ Context Menu ပါပါတယ်။ ဥပမာပြရမယ်ဆိုရင် Continue reading …