အခု လတ်တစ်လော သုံးနေတဲ့ အတ်အွန်လေးတွေထဲ က ကောင်းကောင်းလေးတစ်ခုကို မိတ်ဆတ်ပေးချင်ပါတယ်။ Clearly လို့ခေါ်ပါတယ် ။ Evernote ကနေ ဆက်ထုတ်တဲ့ Application Service တစ်ခုလဲ ဖြစ်ပါတယ် ။
အရမ်းကောင်းပါတယ်။စာဖတ်လို့လဲ မျက်လုံးရှင်းသွားတယ်။ဘေးဘက်က ကြေညာတွေ ဘာတွေ အကုန်ပျောက်သွားပြီး စာကို အေးအေးဆေးဆေး ဖတ်လို့ရသလို သိမ်းထားလို့လဲရပါသေးတယ် ။ ကိုယ့် Evernote အကောင့်နဲ့ ချိတ်ထားပြီး Evernote Application ကနေစာတွေ ပြန်ဖတ်လို့ရပါတယ်။
အင်တာနက်မှာ စာတွေ ဖတ်တာ အရမ်းအားသန်တဲ့လူတွေ ပြီးတော့ နေရာမျိုးစုံ Device မျိုးစုံနဲ့ စာဖတ်တဲ့ လူတွေ အတွက် အထူးသင့်လျော်ပါတယ်။ Firefox Mobile အတွက်တော့ မထွက်သေးဘူးထင်ပါတယ်။
တင်အောင်လင်း
No responses
Post a comment