B2G အတွက် ဆောင်းပါရေးပေးဖို့ NeMo မှာ လုပ်နေတုန်းမှာပဲ ဟို အရင်တုန်းက အကီနို B2G
နဲ့ပတ်သတ်ပြီးရေးခဲ့တာလေးကိုပါပေါင်းထည့်ပေးလိုက်တယ်။February လက စပိန်နိုင်ငံ ဘာဆီလိုနာ မှာ ပြုလုပ်တဲ့Mobile World Congress မှာ Mozilla ကBoot to Gecko အကြော12:21 PM 8/2/2012င်းကို စတင် မိတ်ဆက်ပြသခဲ့ပါတယ်။Boot to Gecko ဆိုတာ is the development of a ‘complete, standalone operating system for the open Web.’ သူ့ရဲ့ ပထမဆုံးခြေလှမ်းကတော့ 2011 july မှာ စတင်ကြေငြာခဲ့ပါတယ်။
ယနေ့ခေတ်စားလှတဲ့ မိုဘိုင်း OS တွေဖြစ်တဲ့ Apple’s IOs တို့ Google’s Android တို့ နဲ့ အပြိုင်
မိုဘိုင်း browser တွေရဲ့ နံပါတ်တစ် Mozilla Firefox ရဲ့ အနာဂတ် ဝဘ်လောကရဲ့ ခြေလှမ်းသစ်တရပ်ဖြစ်ပါတယ်။
B2G ကို Mozilla Firefox ရဲ့ developers တွေက စတင်ခဲ့တဲ့ခြေလှမ်းလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ Samsung Gala×y S2 မှာ စမ်းသပ်ပြသခဲ့ပါတယ်။ B2G ဟာ Web
developer,application developers တွေအတွက် အလုပ်အကိုင် နည်းပညာ အခွင့်အလမ်း
အသစ်တရပ်လည်း ဖြစ်လာအုံးမှာပါ။
နောက်ထပ် သတင်းကောင်း တခုကတော့ B2G ဟာ Iphone ထက် ဆယ်ဆစျေးသက်သာပါတယ်
B2G ရဲ့အရှိန်အဟုန်လာ အင်မတန်လျှင်မြန်လာပါတယ် ဘာလို့လဲဆိုတော့ သူက Open source
ဖြစ်တာကြောင့် စိတ်ဝင်စားတဲ့သူတိုင်း GitHub ပေါ်ကနေ စမ်းသပ် အသုံးပြုလာကြလို့ပါပဲ။
B2G ဟာ Mozilla ရဲ့ Platform မဟုတ်ပါဘူး ပြီးတော့ Web ကလည်း ထူးပြီးတော့ Platform
အသစ်မဟုတ်တော့ပါဘူး web ပေါ်မှာ အရမ်းကို strong/powerful ဖြစ်တဲ့ apps တွေက
နေရာယူပြီးသားလည်းဖြစ်နေပါပြီ ဒါပေမဲ့ ခင်ဗျားတို့ web ပေါ်မှာ မလုပ်နိုင်တာလေးတွေတော့
ရှိသေးတယ် ဒါတွေကတော့ text message ပို့တာ ၊ ဖုန်းခေါ်တာ မျိုးလေတွေပေါ့ ။ အဲဒါတွေကို
ကျတော်တို့က API ဆောက်လိုက်တယ် ။ ကဲ ခုတော့ web ပေါ် မလုပ်နိုင်တာ
မရှိတော့လောက်အောင်ပေါ့ လို့ Johnathan Nightingale, Firefoxရဲ့ senior director of Firefox
engineer က PCMag ရဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။New Javascript APIs
အသစ်တွေကိုထပ်ထည့်ထားပါတယ်လို့ သူ့ရဲ့ ဘာလော့မှာ B2G အကြောင်းရှင်းပြထားပါတယ်။
ဒါကတော့ မော်ဇီလာ က Andreas Gal( Director of Research ) ကိုမေးထားတဲ့
အင်တာဗျုးဆောင်းပါးလေးပါ။
Q: B2G ဟာဘာတွေကိုများ အသစ်ထပ်မံသယ်ဆောင်လာပါသလဲ၊ကျနော်တို့က B2G ဟာ open
Web ရဲ့ အခြေ ခံစံနှုန်းတွေ နဲ့တည်ဆောက်ထားတဲ့ Mobile devices
တွေလို့သိထားပါတယ်။ခင်ဗျားဒီထက်ပိုပြီး ထပ်ရှင်းပြေပေးပါအုံး?
A: B2G ဟာ ပြီးပြည့်စုံပြီး သီးသန့်ရပ်တည်နိုင်တဲ့ open Web အတွက် အော်ပရေးရှင်း
စစ်စတန်တခုပါ။B2G ဟာ မော်ဇီလာ နဲ့ မီးမြေခွေးတို့ရဲ့ နုလုံးသားဆိုလည်း မမှားပါဘူး။သူက
သေးငယ်တယ်၊ပေါ့ပါးတယ် ပြီးတော့ မိုဘိုင်း ဖုန်းတွေနဲ့ သင့်လျော်အောင် ပြုလုပ်ထားတဲ့ open
Web လည်းဖြစ်တယ်။
Q: B2G က Web အခြေပြုဖုန်းတလုံးလို့ ခင်ဗျားဆိုထားရင်၊ဖုန်းတလုံးရဲ့ အဓိက ကြတဲ့
အချက်တွေကကော။?
A:B2G မှာသုံးထားတဲ့ ဖုန်းနဲ့ပတ်သတ်တဲ့ အားလုံးဟာ ကိုပဲ အသုံးပြုထားတယ်။ ပုံမှန်
အသုံးပြုနေကြ ဖုန်းခေါ်တာ မျိုးတွေကို လွယ်လွယ် ကူကူ ပြုလုပ်နိုင်တယ် HTML5 အခြေပြု UI
နဲ့ပေါ့။
Q:Android ဆိုတာဟာလည်း Open Source တခုပဲလေ၊ဘာကြောင့် Android ပေါ်မှာ တိုးမြှင့်ပြီး
လုပ်ဆောင်သွားဖို့စိတ်ကူးမရှိပဲ အသစ်တခုကို စတင်ရတာလဲ။?
A:တချို့ Android source code တွေကရရှိနိုင်တာတော့မှန်ပါတယ် ဒါပေမဲ့ Android က google
ရဲ့ နည်းပညာတွေပဲလေ။ Android ရဲ့ roadmap (အနာဂတ်လမ်းစဉ်) ကလည်း google
ရဲ့လွှမ်းမိုးမှုတွေနဲ့ပြည့်နေပါတယ်။ ဒါပေမဲ့ B2G ကတော့ ထုတ်လုပ်မှုကလည်း open ဖြစ်ပြီး
source code တွေကိုလည်း GitHub မှာရနိုင်တာကြောင့် အားလုံး ဂိုင်း၀န်းပါ၀င်နိုင်တယ်လေ။
Q:ဘာကြောင့် Qualcomm အခြေပြု ဖုန်းထုတ်ကုန်တွေကိုရွေးချယ်လိုက်တာလည်း။ဘာလို
လုပ်ဆောင်ချက်တွေ၊ စျေးနှုန်းသက်သာမှုတွေရှိလို့လဲ။?
A:Qualcomm က မော်ဇီလာ နဲ့ ပါတာနာ အဖြစ် ပထမဆုံး စက်တွေကို စတင်ဖြန့်ဖြူးမယ်။
ပြီးရင်တော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ Sillicon တွေကို ပရောဂျက် ကြီးထွားလာတဲ့ အလျောက် တိုးမြင့်သွားမှာပါ။Qualcomm က ယခုလက်ရှိမှာတော့ Android-based smartphones
တွေအတွက် chipset ( စက်တွေရဲ့ အဓိက DNA) တွေကို ဖြန့်ဖြူးသွားမှာပါ။ အတွေ့အကြုံရှိ
ပြီးသား Qualcomm နဲ့ လက်တွဲလုပ်ရတဲ့ အတွက်ကြောင့် ပိုမို လျင်မြန်ပြီး
အကျိုးထိရောက်စေမှာပါ။
NeMo Wiki Link> https://wiki.mozilla.org/My:NeMo-Boot2Gecko