မော်ဇီလာမှ မိုဘိုင်း ဘရောက်ဇင်း အတွက် မီးမြေခွေး ဘရောက်ဇာကို လျင်မြန်သော အရှိန်အဟုန် နှင့် အသုံးပြုမှု လွယ်ကူအဆင်ပြေဆုံး အောင်Google Play store မှာ စတင် download ချနိုင်ကြောင်း ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ပါသည်။
Super Fast
ကျနော်တို့ဟာ Android အတွက် မီးမြေခွေး ကို လျင်မြန်သော အရှိန်အဟုန် နှင့် ကိုယ်ပိုင် သတင်း အချက်အလက်များကို ကိုယ့်ရဲ့ မိုဘိုင်းထဲသို့ အလွယ်တက upgrade လုပ်နိုင်ပြီး သင်ဘယ်နေရာ ကို သွားသွား ၊ သင်နှင့် အတူ သင် ၏ သတင်းအချက်အလက်များကို သယ်ဆောင် သွားနိုင်ရန် စီစဥ်ဆောင်ရွက်ထားပါတယ်။ သင့်ရဲ့ ဖုန်း၊မိုဘိုင်း တွင်းမှု Android အတွက် မီးမြေခွေး ရဲ့ လျင်မြန်သော page load times တွေ၊Web app တွေ့ရဲ လုပ်ဆောင်ချက်တွေ မြန်ဆန်ကြောင်းကို BrowserQuestg ကို သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေနဲ့ ယှဥ်ပြိုင် ကစားရာ မှာ သိရှိလာနိုင်ပါတယ်။
Android အတွက် မီးမြေခွေး ဟာ အခြားသော ဘရောက်ဇာများနဲ့ ယှဥ်ပြိုင်ရာမှာ ပိုမိုလျင်မြန်ကြောင်း Sunspider ကဲ့သို့ the leading industry benchmark မှ တင်ပြထားပါတယ်။
ထပ်ပြီးတော့လည်း ကျနော်တို့ဟာ နောက်ထပ် benchmark တခုဖြစ်တဲ့ Eideticker ကို ထုတ်လုပ်ထားပါတယ်။ Eideticker ရဲ့တိုင်းတာချက် အရ Web ကို တကယ် အသုံးပြုတဲ့ user များရဲ့
အသုံးချမှုပေါ်မူတည်ပြီး ကျနော်တို့ဟာ မီးမြေခွေးကို တည်ဆောက်ထားပါတယ်။ အောက်ပါ ပုံမှာ အခြားသော ဘရောက်ဇာများထက် နှစ်ဆ ပိုမိုသာလွန်တဲ့ Android အတွက် မီးမြေခွေးရဲ့ လျင်မြန်မှုကိုတွေ့ရမှာပါ။
Upgrade to Mobile Browsing
Android အတွက် မီးမြေခွေး ဟာ သင့်ရဲ့ desktop ဘရောက်ဇာ မှ browsing history, bookmarks, password တွေကို သင့်ရဲ့ Android phone ပေါ်သို့ အလွယ်တကူ ကူးပြောင်း Sync လုပ်ပေးမှာပါ။နောက်ထပ် သတင်းကောင်းတခုကတော့ မီးမြေခွေးဟာFlash ကို အလုပ်လုပ်အတွက်ကြောင့် သင့်ရဲ့ ဖုန်းပေါ်ကနေ videos များကြည့်နိုင်သလို Flash ဂိမ်းများကိုလည်း လွယ်လင့်တကူ ကစားနိုင်မှာပါ။ desktop ဘရောက်ဇာရဲ့ open technology platform နဲ့တူညီသော မီးမြေခွေးဟာ သင့်ရဲ့ လုံခြုံရေးအတွက် privacy and security features များကိုလည်းထည့်သွင်း ထားပါတယ်။
မီးမြေခွေးဟာ သင့်ရဲ့ privacy များကို အထူးဂရုပြုအလေးထား သကဲ့သို့၊ သင့်ရဲ့ လုံခြုံရေးအတွက် like Do Not Track, Master Password, HTTP Strict Transport Security နဲ့ စတာတွေနဲ့ ထည့်သွင်းကာကွယ်ပေးထားပါတယ်။
Upgrade to the Web Platform
Web developers အတွက် HTML5 လုပ်ဆောင်ချက် အသစ်များကို လည်း Android အတွက် မီးမြေခွေး မှာ ဖွင့်လှစ်ပေးထားတဲ့ အတွက် Web developers တွေဟာ Web appsများ၊HTML5 အခြေပြု websites တွေ၊ JavaScript, CSS နဲ့ တခြားသော open Web standards ကို တီထွင် ဖန်တီးလာနိုင်မှာပါ။
Web ကို platform အသွင်ဆောင်လာ နိုင်စေတဲ့အနာဂတ် ရည်မှန်းချက် အရ မော်ဇီလာ ဟာ new Web APIs များကို အသစ်ထုတ်လုပ်ပြီး၊ ယင်း new Web APIs များကို စံသတ်မှတ် အဖွဲ့ standards groups အစည်းများတွင်တင်ပြထားပါတယ်။Improving the Web to improve its users’ lives ဆိုတဲ့ စကားနဲ့ အညီ မော်ဇီလာမှ web developers များဟာ Camera API, Vibration API, Mobile Connection API, Battery Status API, Screen Orientation API and Geolocation API တို့ အတွက် ကြိုးစားစွာဖြင့် အလုပ်လုပ်ထားပါတယ်။အထက်ပါ စံများ အရ မော်ဇီလာဟာ Camera API, Vibration API, Mobile Connection API, Battery Status API, Screen Orientation API and Geolocation API တို့ တည်ဆောက်ရာမှာ အကူအညီ အထောက်အပံ ပေးထားပါတယ်။
BrowserQuest ကို သင်ဟာ သင်နဲ့ သင့်သူငယ်ချင်းများနဲ့ အတူ desktop မှာရော mobile Web မှာရော ကစားခြင်းဖြင့် ဘယ်လောက် လျင်မြန်၊powerful ဖြစ်ပြီး Web ပေါ်မှာ ပျော်ရွှင်ဖွယ် ကစားနိုင်ကြောင်း သင်ခံစား သိမြင်လာနိုင်မှာပါ။
စတဲ့ ထူးခြားပြည့်စုံလှတဲ့ အချက်များကြောင့် ကို ယခုပဲ Download ချပြီး အသုံးပြုနိုင်ကြောင်း မော်ဇီလာ မြန်မာ မှ သတင်းကောင်းပါတင်ပြအပ်ပါသည်။
DowndLoad: https://play.google.com/store/apps/details?id=org.mozilla.firefox
Related Links:
https://support.mozilla.org/en-US/kb/firefox-mobile-android-tutorials
For Q & A
https://support.mozilla.org/en-US/kb/firefox-android-faq#os=android&browser=m14
No responses
Post a comment