မော်ဇီလာရဲ့ သတင်းအသစ်လေးတခုကို မျှေ၀ချင်ပါတယ်။ဇွန်လရဲ့နောက်ဆုံး အပတ်မှာ မော်ဇီလာရဲ့Mozilla Thimble ကို စတင်ထုတ်လွင့်တော့မှာဖြစ်ပါတယ်။
Mozilla Thimble ဆိုတာဘာလဲ။
Mozilla Thimble ဆိုတာကတော့ ရိုးရှင်းတဲ့ web page editor လေးပါ သူ့ကို မြောက်များစွာသောprojects လေးတွေနဲ့ပေါင်းစပ်ထားပြီးသင့်ကို HTMLနဲ့ CSS ကိုလွယ်လွယ်ကူကူနဲ့လေ့လာနိုင်စေမှာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကလေးကတော့ လူတွေကိုHTML and CSS အခြေခံ အကြောင်းကိုထဲထဲ၀င်၀င်သိရှိသွားစေလိုပြီး အသစ်တွေကို စတင်ပြုလုပ်ဖန်တီးလာနိုင်စေလိုတဲ့ရည်ရွယ်ချက်ကလေးပါ။ Mozilla Thimble ကိုတော့ Summer Code Party campaign စတဲ့ အချိန်နဲ့တပြေးညီ လွှင့်တင်မှာမို့ စတင်ပါ၀င်တဲ့သူတိုင်းသူတို့ရဲ့မီးဖိုချောင် စားပွဲကနေတဆင့်ပါ၀င်နိုင်ပါတယ်။ကဲခုလောက်ဆို စာဖတ်ပရိတ်သတ်လည်း ကို စိတ်သင်စားနေမှာ သေချာတယ်။ ခုပဲ http://thimbletest.org ကို သွားကြည့်လိုက်ရအောင်။စစချင်းမှာ တင်ထားတဲ့ projectsတွေကတော့ ၈နှစ်ကနေ အသက် ၁၄လေးနှစ်ကြားမှာရှိတဲ့ကလေးတွေကိုဖိတ်ကြားပြီး သူတို့ရဲ့ projects လေးတွေကိုစုစည်းထားတာပါ။နောက်ပိုင်းမှာတော့ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသား သူတွေ့ရဲ့ projects လေးတွေကိုလည်းထည့်သွင်းသွားမှာပါ။
ကဲခု လင့်လေး၂ခုရှိတဲ့ထဲက ကို start from scratch စတင်နှိပ်ပြီးလေ့လာကြည့်လိုက်ရအောင်။မြင်ရတာကတော့ web page editor တခုဖြစ်ပြီးရိုးရှင်းလှတဲ့ အပြင်အဆင်ကလေးနဲ့ HTML code လေးတွေကိုပါ။ ဘယ်ဘက် မြင်ကွင်းက ကိုယ့်ရဲ့ code ဖြစ်ပြီး ညာဘက်မြင်ကွင်းကတော့
ကိုယ့်ရေးချယ်လိုက်တဲ့ HTML code ရဲ့ Result Page လေးပါ။ ခုလိုချက်ချင်းရေးချက်ချင်း ကိုယ့် Result Page ကိုချက်ချင်းမြင်နိုင်တော့
လေ့လာတဲ့သူဖို့ လွယ်ကူပြီးပျော်ရွှင်စေမှာပါ။Publish button လေးကိုနှိပ်ပြီး ကိုယ့်ရဲ့Result Page လေးကို သူများတွေကို ချက်ချင်းကြွားနိုင်ပါတယ်။
ကဲခုနောက်တခုအနေနဲ့ Pick projects ထဲက Learn HTML fast by making your own web page လေးကိုရွေးကြည့်လိုက်ရအောင်
သူကတော့ HTML code လေးတွေကို သင်ကြားပေးတဲ့ projects လေးမို့ HTML ကိုလေ့လာကာစ သူတွေ အရမ်းကို အသုံးတည့်စေမှာ အသေအချာပါပဲ။HTML tagလေးတွေကို ထောက်လိုက်ရင်လည်း pop up လေးတွေပေါ်လာပြီး ရှင်းပြပေးအုံးမှာပါ။
ရိုးရှင်းပြီးသေးငယ်တဲ့ projects လေးတွေကနေ လူတွေကို စတင်စေချင်ပါတယ်။ တနေ့မှာတော့ Thimble ဟာ ‘Wikipedia of webmaking lessons’မဖြစ်လာနိုင်ဘူးလို့ဘယ်သူဆိုမှာလဲ။ WebMaker ရဲ့ ရည်ရွယ်ချက်ကလည်း HTML and CSS သင်ကြားမှုထက်ကို ကျော်လွန်ပါတယ်။
PopcornMaker ကတော့ လူတွေကို interactive video on the web ကို သိရှိ နားလည်ပြီး ပြုလုပ်လာစေဖို့ပါပဲ။ ပြီးရင်တော့ ယခုနှစ်ရဲ့ နောက်ဆုံးမှာတော့
Javascript ကို သင်ကြားပေးကြားပေးပြီး game တွေကို ပြုလုပ်စေအုံးမှာပါ။
အခု အကီနိုရဲ့ ကို အမြင်လေးမျှေ၀ချင်ပါတယ်။ နည်းပညာကိုလေ့လာနေတဲ့ သူတွေ ကလေးလူကြီးအားလုံး အတွက် ဟာ အရမ်းကို
အသုံး၀င်တဲ့ လေးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ code ရှုပ်ရှုပ်ထွေးထွေးကြီးတွေနဲ့ ခေါင်းရှုပ်စေမဲ့ စာတွေ တသီကြီးဖတ်စရာမလိုပဲ
ကိုယ့်ကိုကိုယ် သင်လို့သင်မှန်းမသိ လွယ်ကူစွာနဲ့တတ်မြောက်သွားမှာပါ။အောက်က video လေးကြည့်ပြီး အကီနိုတို့ဆီက ကလေးလေးတွေကိုလည်း နည်းပညာမှာ ပျော်မွေ့ပြီး အောင်မြင်တဲ့
web လောကကြီးကို ဦးဆောင်သွားစေချင်ပါတယ်။
Ref: http://blog.mozilla.org/blog/2012/06/18/introducing_thimble/
http://commonspace.wordpress.com/2012/06/06/mozilla-thimble-preview/
No responses
Post a comment