Browser Speed Tests

အင်တာနက်အသုံးပြုသူတွေအတွက် ဘရောက်ဇာတွေဟာ မရှိမဖြစ် အရေးပါလှပါတယ်။ ဘရောက်ဇာတွေကနေတဆင့် ကမ္ဘာကြီးကို ချိတ်ဆက်လို့ရတယ်။ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုနိုင်တယ်။ အလုပ်အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေရှာဖွေနိုင်တယ်။ အဲဒီ့လို အရေးပါတဲ့ ဘရောက်ဇာတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ ဘရောက်ဇာတွေကို ပိုကောင်းသထက်ကောင်းအောင် မြန်အောင် error နည်းနိုင်သမျှနည်းအောင် သူ့ထက်ငါအပြိုင်ထုတ်လုပ်လာကြပါတယ်။ ပြီးခဲ့တဲ့ အပတ်က မော်ဇီလာက Firefox ဗားရှင်း 13 ထွက်ရှိလာပါတယ်။ သူနဲ့ မရှေးမနှောင်းမှာဘဲ chrome နဲ့ opera တို့ကလည်း ဗားရှင်းအသစ်တွေနဲ့ ထွက်လာကြပါတယ်။ အဲဒီ့ဗားရှင်းအသစ်ရဲ့ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်နိုင်ဖို့အတွက် LifeHacker website က editor တွေက လူသုံးအများဆုံးဖြစ်တဲ့ ဘရောက်ဇာ ၄မျိုးဖြစ်တဲ့ Chrome 19, Firefox 13, Internet Explorer 9, နဲ့ Opera 11.64 ကို windows operating system ပေါ်မှာ စမ်းသပ်လေ့လာပြီး ဘရောက်ဇာတွေရဲ့ အမြန်နှုန်းကို တွက်ချက်ခဲ့ကြပါတယ်။ သူတို့ရဲ့ တွက်ချက်မှုရလဒ်တွေက စိတ်ဝင်စားဖို့ကောင်းတာကြောင့် မော်ဇီလာမြန်မာ ကနေ ဖော်ပြလိုက်ရပါတယ်။ စမ်းသပ်ရာမှာ ဘရောက်ဇာတွေရဲ့ စတင်ဖွင့်ချိန်ရဲ့ အမြန်နှုန်းတွေ ၊page တစ်ခုကို ဖွင့်တဲ့ ကြာချိန်တွေ၊ Javascript နဲ့ css performance တွေ၊ မန်မိုရီ အသုံးပြုနှုန်းတွေကို အသေးစိတ်တွက်ချက်ပြီး အမှတ်ပေးထားတာ ဖြစ်ပါတယ်။

Cold Boot-Up, Tab Loading & DOM/CSS Performance Winner: Opera!

Tab

website တွေကို မြန်မြန်ဆန်ဆန်ဖွင့်ပေးနိုင်တဲ့ ဘရောက်ဇာတွေထဲမှာ Opera က ဦးဆောင်နေပါတယ်။ Lifehacker, facebook, hulu, gamil အစရှိတဲ့ website တွေကို tab ၉ ခုနဲ့ဖွင့်ပြီးစမ်းသပ်ရာမှာ loading မြန်ဆန်မှုမှာလည်း opera က အသာရပါတယ်။ Firefox နဲ့ စမ်းသပ်ကြည့်ရာမှာ တော်တော်လေးမြန်ပေမယ့် ဒုတိယနေရာကိုဘဲ ရောက်ရှိသွားပါတယ်။ IE က တတိယနေရာမှာ ရှိပြီး chrome ကတော့ အခုစမ်းသပ်မှုမှာ နှေးကွေးနေပါတယ်။ CSS performance မှာလည်း Opera ဘဲဦးဆာင်နေပါတယ်။

URL Loading & JavaScript Winner: Chrome!

Javascript
Website လိပ်စာ တွေကို ဘရောက်ဇာရဲ့ address bar ကနေ တဆင့် ရိုက်ထည့်ပြီး စမ်းသပ်ကြည့်ရမှာ Chrome က အသာရပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ prerendering feature ကြောင့် လည်း အခုလိုမြန်ဆန်သွားတာဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာတော့ Firefox က ဒုတိယလိုက်နေပြီး၊ IE က တတိယ၊ Opera က စတုတ္ထ ဖြစ်သွားပါတယ်။

JavaScript Performance မှာတော့ Chrome ကို ဘယ်ဘရောက်ဇာမှ မမှီသေးပါဘူး။ Firefox က ဒုတိယနေရာမှာရှိပြီး IE9 နဲ့ Opera က တတိယနဲ့ စတုတ္ထနေရာက ရှိပါတယ်။

Cold Restore Winner: Firefox!

restore
Firefox ရဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ on demand tab loading လုပ်ဆောင်ချက်က Firefox ရဲ့အမြန်နှုန်းကို တိုးတက်စေပါတယ်။ Tab ကိုးခုဖွင့်ထားတယ်၊ session တစ်ခုမှာ သိမ်းလိုက်တယ်၊ ဘရောက်ဇာကို ပြန်ဖွင့်လိုက်တဲ့အခါ section ထဲမှာသိမ်းထားတဲ့ tab တွေကို auto restore ပြန်လုပ်ပေးပါတယ်။ restore လုပ်တဲ့အခါ တခြား ဘရောက်ဇာတွေက tab ကိုးခုလုံးကို loading ဆွဲနေတဲ့အတွက် အမြန်နှုန်း သိသိသာသာကျသွားချိန်မှာ Firefox က active ဖြစ်နေတဲ့ tab တစ်ခုကို ဘဲ loading ဆွဲတဲ့အတွက် မြန်ဆန်သွားပါတယ်။ တခြား tab တွေကို click နှိပ်မှသာ loading တဲ့အတွက် ဘရောက်ဇာ စတက်တက်ခြင်းမှာ မြန်ဆန်နေတာဖြစ်ပါတယ်။

Memory Usage Winner: Firefox!

Memory Usage
Firefox ဟာ တခြား ဘရောက်ဇာတွေနဲ့ယှဉ်ရင် မန်မိုရီ အသုံးပြုမှုနှုန်း အရမ်းနည်းပါတယ်။ tab ကိုးခုလောက်ဖွင့်ပြီး စမ်းကြည့်ရာမှာ တခြား ဘရောက်ဇာတွေက မန်မိုရီ 400 MB လောက် အသုံးပြုနေချိန်မှာ firefox က 310 MB ဝန်းကျင်လောက်သာ အသုံးပြုပါတယ်။ tab ကိုးခုအပြင် extension ငါးခုလောက်အသုံးပြုပြီး စမ်းသပ်ချိန်မှာ တခြား ဘရောက်ဇာတွေက မန်မိုရီ 200 MB လောက်ထိုးတက်သွားချိန်မှာFirefox က 60 MB ဝန်းကျင်လောက်သာ အသုံးပြုပါတယ်။

 

အထက်ပါ အချက်အလက်အားလုံးကို အချိုးကျတွက်ချက်ရာမှာ

  • Firefox က 75% နဲ့ ဘရောက်ဇာ အမြန်နှုန်းမှာ အသာရရှိပါတယ်။
  • Chrome နဲ့ Opera က 66% နဲ့
  • Internet Explorer: 45% အသီးသီးရရှိပါတယ်။

Firefox ရဲ့ new tab on demand လုပ်ဆောင်ချက်က ပထမနေရာ ရောက်ရှိသွားစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ opera နဲ့ chrome က အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာပေမယ့်  Internet Explorer ကတော့ ထုံးစံအတိုင်းနှေးမြဲ နှေးလျက်ပါဘဲ။ :)

 

Source: http://lifehacker.com/5917714/browser-speed-tests-chrome-19-firefox-13-internet-explorer-9-and-opera-1164

 

One response

Post a comment

  1. tinaunglinn wrote on :

    ဖိုင်းယားဖောက်စ် ဟဲန်းဟဲန်းသွားတယ်ဆိုတာက ဆော့ဝဲတစ်ချို့အသုံးမလိုပဲ အတ်အွန်တွေ ဝင်ဝင်လာလို့ပါ ။ဥပမာ Ask.com toolbar လိုဟာမျိုး။ အဲ့ဒါတွေရှင်းထုတ်ပြီး သုံးလောက်တဲ့ဟာမျိုးနဲ့ဆိုတော်တော် မြန်တာပါ။ ဆော့ဝဲ ဝတ်ဆိုဒ် အက်ပလီကေးရှင်းတော်တော်များများက သူတို့ကို ထည့်လိုက်တာနဲ့ ဖိုင်းယားဖောက်စ် လူတိုင်းသုံးမှန်းသိလို့ပလပ်အင် တွေပါ တစ်ခါထဲထည့်ရေးထားတတ်ကြပါတယ်။ ဖြုတ်သုံးပေါ့ပါတယ်ဗျာ။

    Reply

Post Your Comment