Firefox 13 Review

Firefox ဆိုတာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး browser တွေထဲက တစ်ခုဖြစ်ပါတယ်။ Windows, Mac နဲ့ Linux တွေပေါ်မှာ အသုံးပြုနိုင်သလို Android, iOS အစရှိတဲ့ Mobile devices တွေပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူတွေများလာတာနဲ့အမျှ firefox ဟာ ပိုမိုကောင်းသထက်ကောင်းအောင် ပြုပြင်ရင်း ဗားရှင်းတွေ တစ်ခုပြီးတစ်ခုထွက်လာလိုက်တာ အခုနောက်ဆုံး ဗားရှင်း ၁၃ အထိရောက်ရှိလာခဲ့ပါပြီ။ Firefox ဗားရှင်း ၁၃ မှာ အရင်ဗားရှင်းတွေနဲ့ မတူတော့တဲ့ အပြောင်းအလဲတချို့ကို ပြုလုပ်ထားသလို လုပ်ဆောင်ချက်အသစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီ့အတွက်  Firefox ဗားရှင်း ၁၃ ရဲ့ အပြောင်းအလဲတွေနဲ့ လုပ်ဆောင်ချက်အသစ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။

Firefo× 13 / version အသစ်ဆို တဲ့ အတိုင်း ပဲ အသစ်အဆန်းလေး တွေပါလာ ပါပြီ။

Home Page အသစ် Default homepage(about:home)

Firefox 13 မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုက home page ဘဲဖြစ်ပါတယ်။ home page အောက်ခြေမှာ Downloads, Bookmarks, History, Add-ons, Sync, Settings ဆိုတဲ့ icon လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ လူသုံးများတဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်အောင် home page အောက်ခြေမှာ short-cut သဘောမျိုး စုစည်းပေးထားတာဖြစ်ပါတယ်။ Click တစ်ချက် နှိပ်ရုံ ဖြင့် မြန်မြန်ဆန်ဆန် လိုသလို သုံးနိုင်မှာပါ။

 

Tab အတွေ့အကြုံအသစ် New Tap Page

Firefox 13 မှာ Tab အသစ်တစ်ခုဖွင့်တဲ့အခါ မကြာခင်ကမှ အသုံးပြုထားတဲ့ website တွေ၊ မကြာခနသွားရောက်လည်ပတ်ဖြစ်တဲ့ website တွေကို thumbnails ပုံလေးတွေနဲ့ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ thumbnails ၉ ခုကို ဖော် ပြပေးမှာပါ။  အဲ ..ပြီးတော့ အဲဒီ ၉ ခုကို ကြိုက်သလို တန်းစီမလား ဟိုရွေ့  ဒီရွေ့ လုပ်မလား ကိုယ်မကြိုက်လို့ ဖျက်ပစ်မလား ပင်အပ်ကလေးနဲ့ ထိုး ထားမလား လုပ်နိုင်ပါသေးတယ် ပြီး တော့ ၀က်ဆိုဒ် ၉ ခုပါ၀င်တဲ့ စာမျက်နှာ Tab ကိုဖျောက်ထားလို့လဲရပါတယ်။

Speed & Security

Firefox 13 မှာ SPDY protocol ကို default အနေနဲ့ အသုံးပြုထားပါတယ်။ SPDY ဆိုတာက “SPeeDY” ကို pronounced လုပ်ထားတာပါ ပြီးတော့  application-layer  protocol အသစ်တစ်မျိုးပါ SPDY ဆိုတာ HTTP Protocol ကိုဘဲ ပိုကောင်းအောင် ပြုပြင်ထားတဲ့ version ဖြစ်ပါတယ်။ SPDY က web page loading time ကို အများကြီး မြှင့်တင်ပေးနိုင်သလို ပိုမိုလည်း လုံခြုံမှုရှိစေပါတယ်။ ခုလောလောဆယ်မှာတော့ SPDY Protocol ကို ထောက်ပံ့ပေးနိုင်တဲ့ website အရေအတွက်က အနည်းငယ်သာရှိပါသေးတယ်။ ဒါပေမယ့် Google လို၊ Youtube လို၊ Twitter လိုမျိုး SPDY Protocol ကို ထောက်ပံ့ပေးနိုင်တဲ့ website တွေမှာ အသုံးပြုတဲ့အခါ loading time သိသိသာသာ မြန်ဆန်တာကို တွေ့ရမှာဖြစ်ပါတယ်။Developer Tools တွေကိုလည်း အဆင့်မြှင့် ပေးထားပြီး အမျိုးမျိုးသော HTML5 နဲ့ CSS3 tags တွေကို လည်း  အသုံးပြုလို့ ရပါတယ်။

Mozilla ဟာ သူထုတ်လုပ်လိုက်တဲ့ firefox version အသစ်တွေတိုင်းမှာ ပိုကောင်းတဲ့ web browsing အတွေ့အကြုံတွေကို ထည့်သွင်းပေးထားတယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ အဲဒီ့အတွက် ပိုကောင်းတဲ့၊ ပိုမြန်တဲ့ ပိုမိုလုံခြုံစိတ်ချရတဲ့ firefox ရဲ့ နောက်ဆုံးထွက် ဗားရှင်း ၁၃ ကို အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

http://www.mozilla.org/products/download.html?product=firefox-13.0&os=win&lang=en-US

One response

Post a comment

  1. အိုင်တီကိုကို wrote on :

    အခုနောက်ဆုံးထွတ်တဲ့ Firefox Aurora မှာ မြန်မာ ယူနီကုဒ်ကို ကောင်းကောင်း မြင်တွေ့နိုင်ပါပြီ။ သတင်းကောင်းပေးလိုက်ပါတယ်။

    Reply

Post Your Comment