Need help my dearest localizers ? [ localize.help.1 ]

Posted by tinaunglinn

0

မီးမြေခွေး မြန်မာဘာသာနဲ့ စမ်းသပ် ထွက်လာပြီးနောက် ဆက်ပြီး လုပ်ဖို့ရာ အများကြီး ကျန်ပါသေးတယ် ။ Mozilla ဝတ်ဆိုဒ်တွေ ကို ဘာသာပြန်နေတာလဲ တော်တော်များများ လိုနေပါ သေးတယ် ။ အကူအညီတွေ လိုအပ်ပါတယ် ။ ကူညီခဲ့ဖူး သူတွေ လဲ တစ်ချို့အပြောင်းအလဲတွေ ကြောင့် မသိလိုက်ရ ဖြစ်နေ ရင်လဲ ဖြစ်နေပါလိမ့်မယ် ။ ကူညီချင်တဲ့ လူတွေ အတွက်လဲ ဘယ်လိုလုပ်ရတယ်ဆိုတာ သိသွားအောင် ပြောပြချင်ပါတယ်။

အရင် က ကျွန်တော်တို့ ဘာသာပြန်ခဲ့ကြတာ Narro ဆိုတဲ့ ဆော့ဝဲတစ်မျိုးနဲ့ မော်ဇီလာ က ပေးထားတဲ့ ဆာဗာမှာ ပြန်ရတာပါ။ အခု ပြောင်းသွားပါပြီ ပရောဂျက်တော်တော် များများ ( ဥပမာ မီးမြေခွေး ဘာသာပြန်ပရောဂျက် ) ကို Pootle ဆော့ဝဲ နဲ့ ဆာဗာအသစ်တစ်ခုမှ ပြောင်းပြီး ပြန်နေကြတာပါ ဖြစ်ပါတယ်။ လိပ်စာကတော့ http://mozilla.locamotion.org/ ဖြစ်ပါတယ် ။ ပြောင်းသွားတုန်းက ကျွန်တော်လဲ မသိလိုက်ပါဘူး ။ အရင် ပရောဂျက် က Strings တွေကို ဒီဘက်ကို သယ်လာပေးပါတယ်။ ဒါပေမယ့် ယူဇာအကောင့်တွေ ပါမလာတော့ ပါဘူး ။ ဒီဘက်မှာ ယူဇာ အကောင့်တွေ ထပ်ပြန်လုပ်ရတာ ဖြစ်ပါတယ်။

How to register at new

Pootle Server ?

ပထမဦးဆုံး http://mozilla.locamotion.org/ ကို သွားပါ ပြီးရင် register ( အပေါ်ထိပ် ညာဘက် နား တွင် ) ကို နှိပ်ပါ ။

Register

Register

ပုံမှာတွေ့တဲ့ အတိုင်း ယူဇာနိမ်း ( ဆိုဒ် ထဲ ဝင်တဲ့ အခါသုံးဖို့ အမည် ) အီးမေလ်း နဲ့ ပတ်စ်ဝတ်တွေထည့်ပေးပါ ။ ပြီးရင် Register ကိုနှိပ်လိုက်ရင် ရပါပြီ။ ပြီးရင် Spam စစ်တဲ့ Dialog လေး တက်လာပါမယ် ။ လူ (သို့) တစ်ခြား Spamming Programs တွေ ဟုတ်မဟုတ် စစ်တာပါ ။ များသော အားဖြင့် သင်္ချာ ပုစ္ဆာလေးတွေ မေးတာများပါတယ်။

Spam Check

Spam Check

ပြီးသွားပြီဆိုပြီး ပြောလာပါလိမ့်မယ်။ မပြီးသေးပါဘူး စာထဲမှာလဲ ပါပါတယ် အီးမေလ်းထဲ ဝင် ပြီး Activation လုပ်ပေးရမှာ ဖြစ်ပါတယ်။

Finished ! Not yet

Finished ! Not yet

ကိုယ် Register လုပ်ထားတုန်းက သုံးခဲ့တဲ့ အီးမေလ်း ထဲကို Activation Email တစ်စောင်ရောက်နေပါလိမ့်မယ် ။ တစ်ခု ကလင်ခ့် တစ်ခု က ကုဒ်နဲ့ပါ။ အပေါ် က လင့်ခ် ကိုပဲ သုံးပြီး လုပ်ဖို့အကြံပေးပါတယ်။ လွယ်လွယ်ကူကူနှိပ်ပြီး ခဏစောင့်လိုက်ပါ ။

Activatation Email

Activation Email

Register လုပ်တာပြီး သွားပါပြီ။

Ready !

Ready !

Login ဝင်ကြည့်ပါ ။

Login

Login

ကျွန်တော်တို့ ပရောဂျက် လင်ခ့် က ဒီမှာပါ http://mozilla.locamotion.org/my/firefox/ ။ ရှမ်းဘာသာ အတွက် လင်ခ့် က ဒီမှာပါ http://mozilla.locamotion.org/shn/firefox/ ။

အရင်ဆုံး မြန်မာဘာသာ ပရောဂျက် လင်ခ့်နဲ့ အစမ်းပြပါမယ် ။

Project Folders !

Project Folders

Project Folders

လောလောဆယ် ကျွန်တော်တို့ အားစိုက်ပြီး လုပ်နေတဲ့ အပိုင်းတွေကတော့ ။

  • config1
  • config2
  • configx
  • install
  • user1
  • user2
  • user3
  • user4

စတဲ့ ဖိုင်တွေပဲ ဖြစ်ပါတယ်။ တစ်ရာရာခိုင်နှူန်းပြီးမြောက်သွား တဲ့ အခါကျမှ အခြား ဖိုင်တွေကို ဆက်ပြန်မှာ ဖြစ်ပါတယ်။ ဦးစားပေး ဖိုင်တွေပေါ့ ။

Font !

ကဲ အခုဆိုရင် တော်တော်များများ အဆင်သင့် ဖြစ်ပြီလို့ဆို နိုင်ပါတယ်။ ဘာသာပြန်တဲ့ အခါမှာ ကျွန်တော်တို့ Unicode Standard Encoding ကိုသုံးပါတယ်။ တစ်နည်းပြောရရင် Unicode စနစ်ကို လိုက်နာတဲ့ ဖောင့် ကို သုံးပါတယ် ။ ယူနီကုတ် ဖောင့်တွေကတော့ များပါတယ် ။ ဒါပေမယ့် သာလွန် ဆိုတဲ့ ဖောင့် ကို သုံးစေချင်ပါတယ် အခြားဖောင့်တွေလဲ ရပါတယ်။ သာလွန်က အခုနောက်ပိုင်း ဆက်ပြီး Develop လုပ်နေတာလဲ ရှိတယ် Update ဖြစ်တယ်လို့ဆိုလို့ရပါတယ် ။ ဒီကနေ ဒေါင်းလုဒ်ချလို့ရပါတယ်။

စက်ထဲ ကိုဖောင့်သွင်းတာကတော့ Window မှာဆို ရလာတဲ့ ဖောင့် ဖိုင်ကို Double Click or Open လုပ်ပြီး သွင်းရပါတယ် ။ အခြား Mac , Ubuntu , Fedora စတဲ့ OS တွေမှာလဲ ဖောင့်တစ်ခု ကိုအင်စတော လုပ်တော့မယ်ဆိုရင် များသောအားဖြင့် Double Click >> Install Font နဲ့ ပြီးပါတယ်။

Browser !

ဝတ်ဆိုဒ် ကနေ ပြန်မှာ ဖြစ်တဲ့ အတွက် ဘယောက်ဆာလိုပါတယ်။ ဘယောက်ဆာကိုတော့ မီးမြေခွေး မြန်မာဗားရှင်း ( သို့ ) မီးမြေခွေးနောက်ဆုံးဗားရှင်းကို သုံးစေချင်ပါတယ်။ Testing ပိုင်းနဲ့ Usability ပိုင်းအတွက်ပါ ။

Keyboard !

ဖောင့်ရပြီဆိုတော့ ရိုက်ထည့်ဖို့အတွက် ကီးဘုတ်လိုပါသေးတယ် ။ ကီးဘုတ်ထဲမှာတော့ အခြား ကီးဘုတ်တွေလဲ ကောင်းပေမယ့် ကျွန်တော်က တော့ Keymagic ကို သုံးပါတယ်။ သူက Layout မျိုးစုံနဲ့ ရိုက်လို့ရပါတယ်။ Official Website  ကနေ သွား ဒေါင်း ပြီးသုံးနိုင်ပါတယ်။

Start Localization !

ဖိုဒါတစ်ခု ခြင်းဆီ ဟာဆိုရင် အောက်မှာ Sub-Folders အခွဲတွေ ဖိုင်တွေ အများကြီး ရှိပါတယ် ။ တစ်ချက်ခြင်းဆီ ဝင်ကြည့် ပြီး မပြီးသေးတဲ့ စာလုံးတွေကို ပြန်တာ အကောင်းဆုံးနည်းလမ်းပါ ။ ဒါမှမဟုတ် လဲ Project Home မှာ ရှိတဲ့ Translate ဆိုတဲ့ Tab ကို နှိပ်ပြီး မပြန်ရသေးတဲ့ စာလုံးတွေကို တန်းစီပြီး ဘာသာပြန်လို့ရပါတယ် ။

ဘယ်လိုနည်းနဲ့ပြန်ပြန် သိသင့်တာလေးရှိပါတယ်။

Accelerator !

လူအများကတော့ Shortcut လို့သိပါတယ် ။ မသိတဲ့ လူလဲ မသိဘူးထင်ပါတယ် ။ ဒီတော့ အစကနေပြန်ရှင်း ပြပါမယ် ။ Accelerator ဆိုတာ Menu တွေ Button တွေ Options တွေနဲ့ Preference တွေကို သွားတဲ့ အခါ မောက်စ်မသုံးတာ့ပဲ မြန်မြန်သွား မြန်မြန်ပြင်လို့ရအောင် သုံးတဲ့ Keyboard Shortcuts တွေပါ ။ ဝင်းဒိုး ကီးကို နှိပ်ရင် Start Menu ရောက်တာ ၊ Control + C , Control + V စတာတွေဟာ အကောင်းဆုံး ဥပမာတွေပါ ။

ဘာသာပြန်ရင် အဲ့စာလုံးတွေကို Identifier ( သတိပေး သို့ အချက်ပြ )အနေနဲ့ ရှေ့ မှာ & စာလုံးထည့်ထည့်ပေးထားပါတယ် ။ အင်္ဂလိပ်စာလုံး မှာ &Toolbars  ကို မြန်မာလို ပြန်တဲ့အခါ   &ခလုပ်ဘားတန်းများ ဆိုပြီး ပြန်လို့မဖြစ်ပါဘူး ။

Shortcut နှိပ်တဲ့ အခါ  ခ အက္ခရာ ကိုနှိပ်ပြီး သွားမယ်ကွ ဆိုပြီး လုပ်လို့မရပါဘူး ။ Shortcut တွေဟာ အင်္ဂလိပ် ( US )  ကီးဘုတ် အတိုင်းပဲ သွားမှာ ဖြစ်ပါတယ် ။ ဒီတော့ ဘယ်လိုလုပ်မလဲ ။

” (&T) ခလုပ်ဘားတန်းများ “  ဆိုပြီးနဂို အင်္ဂလိပ်ဗားရှင်းမှာ Identify လုပ်ခံရတဲ့ အင်္ဂလိပ်စာလုံးကို ယူ ရှေ့ ထုပ် ကွင်းစကွင်းပိတ်ထဲထည့်ပြီး Flag “&” ပြန်ထည့်ပေးတာပါပဲ ။

Example string

Example string

ဒါလတ်တစ်လော အကောင်းဆုံးနည်းလမ်းလို့ထင်ပါတယ်။ သာလွန်ကွန်ပျူတာ စနစ် ၊ ဥူဘွန်တု မြန်မာဗားရှင်း စတာတွေမှာလဲ ဒီထုံး(နည်းလမ်း)ကို ပဲ သုံးနေကြပါတယ် ။ ဒီတော့ အားလုံး တစ်ညီတစ်ညွတ်ထဲ ဒီအတိုင်း ပြန်ဖို့ ရှင်းပြတာဖြစ်ပါတယ်။

Placeholders !

နောက်အရေးကြီးတာ တစ်ခုက Placeholders ဆော့ဝဲတွေဟာ စာကြောင်းတွေကို Rendering  လုပ်တဲ့ အခါမှာ တစ်ခုကို ခဏခဏထပ်မရေးရအောင် Unicode String သို့ Variable ရှိတဲ့ Placeholders တွေကို သုံးကြပါတယ် ။ ဥပမာအား ဖြင့်​ ပြောရရင် [ &Form & Search History ] ဒီစာကြောင်းမှာ ထူးခြားတာက Placeholder တစ်ခု ရယ် Accelerator တစ်ခုရယ်ပါတယ်။ Accelerator ကတော့ အစောကပြောသွားလို့ သိပြီးသွားဖြစ်ပေမယ့်  Placeholder ကိုတော့ မေးခွန်းထုတ်နေကြမယ်ထင်တယ်။

ကိုယ့်ကိုကို သွက်တယ်လို့ထင်တဲ့ လူတစ်ချို့လဲ မြင်တော့မြင်မိကြမယ်ထင်တယ် ။ & သဒ္ဒါနည်းလမ်း အရ ဘာအဓိပ္ပာယ်မှမရှိပဲ ဒါကြီးကို ကြားထဲဘာလို့ လာထည့် ထားလဲလို့ထင်ကြမှာ ပါ။ တစ်ချို့ html နဲ့ပတ်သတ်ပြီးသိတဲ့လူတွေလဲ ရင်းနှီးပါလိမ့်မယ် Special Entities တွေဖြစ်ပါတယ် ။

ဆော့ဝဲကအဲ့ Placeholder လေးကို ဖတ်ပြီး သူက output အနေနဲ့ “&” ဆိုတာလေးကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ မင်းကွာ ပင်ပန်းလိုက်တာ အစကတည်းက အဲ့လို & ရေးလိုက်ရင် ကောင်းရော လို့ပြောပါလိမ့် မယ် ။ [ &Form & Search History ] မှာ အခြား & တစ်လုံး ကို ထိပ်မှာ ထည့်ထားရတာ တွေ့မှာပါ ။ မထပ်အောင်လို့ မတူအောင်လို့ Software တစ်ခုလုံးမှာ အဲ့လို သုံးတာဖြစ်ပါတယ်။ တစ်လျှောက်လုံး & ကို Flag အနေနဲ့ Accelerator တွေညွှန်းဆိုပြတဲ့ အခါမှာ သုံးမှာဆိုတော့ & ဆိုတဲ့ Word ပါတဲ့ စာကြောင်းတိုင်းမှာ & ဆိုတဲ့ Placeholder တွေနဲ့အစားထိုးတော့တာဖြစ်ပါတယ်။ အထက်က ပုံစုံ အတိုင်းပြန်ကြည့်ရအောင် ။

Placeholder example

Placeholder example

ကျွန်တော်ကတော့ အထက်ပါအတိုင်း ပြန်လိုက်ပါတယ် ။ မဟုတ်သေးဘူးဆို အဲ့ String မှာထပ်သွားပြီး ပြန်ကြည့်လို့ရပါတယ် ။

Print() !

ကဲ Special Entities လဲ မဟုတ်ဘူး ။ ကိုယ်သိထားတဲ့ Accelerator Flag လဲ မပါဘူး ။ Placeholder လဲမဟုတ်ဘူး ။ ဒါပေမယ့် သဒ္ဒါ နည်း အရလည်း အကျုံးမဝင်ဘူး ။ အဲ့လိုစာလုံးတွေလဲရှိပါတယ် ။ များသော အားဖြင့် % ဆိုတဲ့ Flagging နဲ့စပါတယ်။ ဆော့ဝဲကို ကြိုတင်ကြေညာထားပြီးသား သို့ Dynamically ပြောင်းလဲနေမယ့်တန် ဖိုးတွေ ဆို Print() လို့ခေါ်ပါတယ် ။

ဥပမာကြည့်ကြစို့ ။

print() Example

print() Example

ဒီနေရာမှာ ကိုကျော်စွာသန့် ဘာသာ ပြန်ထား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ %Spx ဆိုတဲ့ print() value တွေက  သူ့အလိုလိုပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Document ထဲက Style ကိုလိုက်ပြီး ဖော်ပြမယ့်တန်ဖိုးတွေ ဖြစ်တဲ့ အတွက် သူ့ကို ယခုလို print() တန်ဖိုးတစ်ခုနဲ့သတ်မှတ်ပြီး သုံးလိုက်တာ ဖြစ်ပါတယ်။  ဒီတော့ အဆိုပါ % သင်္ကေတနဲ့ Flag ထားတဲ့ print() တန်ဖိုးမှန်သမျှကို မပြန်ပဲ ဒီအတိုင်းပြန်ကူး ပြီး ထည့်ပေးရမှာ ဖြစ်ပါတယ်။

ပုံမှာ တွေ့တဲ့ အတိုင်း scaled to ကို ဘာသာပြန်ထားတဲ့ ” ချိန်ညှိထားသည် ” ဆိုတဲ့ Phrases ကို %Spx x %Spx တွေရဲ့ရှေ့မှာထားဖို့မလိုပါဘူး ။ ဒါကမှ   Localize ရဲ့အဓိက အနှစ်သာရ အပိုင်းလို့လဲပြောလို့ရပါတယ် ။ မြန်မာလိုဖတ်ရအဆင်ပြေအောင် နောက်ကိုပြောင်းထားလိုက်တာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ခွင့်ရှိလားဆိုတော့ ရှိပါတယ် ။ အဓိကက နားလည်ဖို့ပါ ။ သုံးဆွဲသူ ယူဇာတွေ နားလည် သွားဖို့အတွက် အခုလို ဝါကျအထားအသိုတွေ ပြောင်းခွင့် ပြင်ခွင့်ရှိပါတယ်။ အင်္ဂလိပ်တွေ လုပ်ထားတဲ့ အတိုင်း ယူသုံးလို့ အဆင်မပြေပါဘူး ။

ဒါတွေကို အရင်သိထားပြီဆိုရင် မီးမြေခွေးမှ မဟုတ်ပါဘူး ဘယ်ဆော့ဝဲကို ပဲဖြစ်ဖြစ် ဘာသာပြန်တဲ့ အခါ အကူအညီရမယ်လို့ထင်ပါတယ်။ လွဲနေတာရှိရင်လဲ အပြုသဘောနဲ့ဝေဖန် နိုင်ပါတယ်။

မေးခွန်းတွေ မေးမြန်ချင်တယ်ဆိုရင် မော်ဇီလာမြန်မာ ဆိုတဲ့ Facebook Group ထဲကို ဝင်ရောက်မေးမြန်းနိုင်ပါတယ်။

 

 

Received Welcome Pack

Posted by tinaunglinn

0

Today early morning , I go to airport to welcome back one of my friends from Singapore and he is bringing me Mozilla Rep Welcome Pack which is directed to his address for a convenient ship.

All of our Mozilla Rep can obtain Mozilla Weclome Pack with our mentor’s apporval. Thanks Ahsan for your quick approval to my Welcome Pack Swag request bug.

Here it is.

Thanks You

Mozilla.

 

Come on those are add-ons !

Posted by tinaunglinn

0

ယနေ့ည အကြံတစ်ခု ရတာနဲ့ Addon ဝတ်ဆိုဒ်ကိုသွားပြီး Myanmar , Burmese ဆိုပြီး ရှာကြည့် လိုက်တယ် ။  ရှာချင်တာကတော့ မြန်မာ လူမျိုး Developer တွေရေးထားတဲ့ Addon တွေကို တွေ့ချင်တာ ။

ဒါပေမယ့် တော်တော်များများကတော့ ဘာသာရပ်/ဘာသာစကား နဲ့ ဆိုင်နေတာ တွေကို တွေ့ရတယ်။ ဒါပေမယ့် ထားပါ ။ အားလုံး ကိုစာရင်း လုပ်ထား ကြည့်ရအောင် ။

အထက်ပါ အတိုင်း စာရင်းလုပ်ထားတဲ့ Add-On တွေကို သွားတွေ့ပါတယ်။ စာရင်း လုပ်ထားချင်လို့ပါ။ အသစ်ထက် တွေ့တာရှိရင်လဲ လုပ်သွားပါမယ်။ တွေ့ထားတာရှိရင်လဲ ပြောပြပေးလို့ရပါတယ်။
တင်အောင်လင်း

မီးမြေခွေး ဗားရှင်း – ( ၂၀.၀ ) ၏ အသစ်ထွက် လုပ်ဆောင်ချက် အချို့

Posted by tinaunglinn

0

Firefox ( 20.0 )

ဧပြီလ နှစ်ရက်နေ့မှာ မီးမြေခွေး ဗားရှင်း ( ၂၀.၀ ) ထွက်ပါတယ် ။ ထွက်ထွက် ခြင်း အဆင့်မမြှင့်ဖြစ်ပါဘူး ။  အရင် ဗားရှင်း ( ၁၉ ) တုန်းက တော့ ပြသာနာလေးတွေ နည်းနည်းရှိခဲ့လို စမ်းတုန်း ကလိတုန်း မို့လို့ပါ။ ဒါပေမယ့် ဗားရှင်း အသစ်မှာ အဆင်ပြေသွားပြီလို့ ကြားလို့ တင်လိုက်ပါတယ်။ အားလုံး ပေါင်း ၁၃မဂ် လောက် ဒေါင်းလိုက်ရပါတယ် ။

အဆင့်မြှင့် လိုက်တဲ့ အထဲကမှာ အားလုံးလဲ မြင်သာ ထင်သာရှိပြီး အသုံးတည့်မယ့် အချက်လေးတွေ ကို ညွှန်းဆိုထောက်ပြပေးချင်ပါတယ်။

အင်တာနက် သုံးပြီဆိုရင် စကားဝှက်တွေ အီးမေလ်း အကောင့်တွေ စတဲ့ အရေးကြီး အချက်အလက်တွေကို ဘယောက်ဆာတွေကနေ တစ်ဆင့် ရယူအသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်သုံးတဲ့ ကွန်ပျူတာ က အင်တာနက် ဆိုင် (သို့) အလုပ် က ကွန်ပျူတာမျိုးဖြစ်နေတတ်ပါက Private Browsing ( လုံခြုံရေး မြှင့် အသုံးပြုအစီအစဉ် ) ကအရမ်း အသုံးဝင်တာကိုတွေ့ရပါတယ်။

Private Browsing

သူငယ်ချင်း က ကိုယ့် ကွန်ပျူတာကို ယူသုံးချင်တယ်ဆိုရင် ပေးသုံးပြီး မီးမြေခွေး ကို Private Mode နဲ့ဖွင့်ပေး လိုက်ယုံပါပဲ ။ အဲ့လိုပဲ ကိုယ်တခြား သူများ ကွန်ပျူတာတွေ ဘာတွေကို သုံးမယ်ဆိုရင် လဲ Private Mode လေးနဲ့ သုံးလိုက်ယုံပါပဲ ။

ဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ တစ်ယောက်ယောက်ကို ပေးသုံးတော့မယ် ၊ ကိုယ်က တစ်ယောက်ယောက် စက်ကို ယူသုံးတော့မယ်ဆိုရင် ကိုယ်ဖွင့် ထားတဲ့ Tab တွေအကုန် ပိတ်ရတော့ တာပါပဲ ။ သဘောက Private Mode ကို New Window နဲ့ ဖွင့်ပေးလို့မရခဲ့ပါဘူး ။ Normal Mode က Tab တွေအကုန် ပိတ်ပစ်ခဲ့ရပါတယ်။ ဒါကို ဗားရှင်း ( ၂၀.၀ ) မှာ ဖြေရှင်းပေးလိုက်ပါပြီ။

ပုံမှာ ဆိုရင် ကျွန်တော် တစ်ပြိုင် ထဲ Tab နှစ်ခု ဖွင့်ထားတာကို တွေ့ရမှာပါ ။ တစ်ခုက ရိုးရိုး Mode အနေနဲ့ ဖြစ်ပြီး တစ်ခုကတော့ Private Mode အနေနဲ့ ဖြစ်ပါတယ်။

New Download UI

ဒါကတော့ Nightly ကိုသုံးဘူးတဲ့ လူတွေအတွက်တော့ အထူး အဆန်းမဟုတ်ပါဘူး ။ Nightly မှာ ဒီ UI တွေ ပြောင်းနေတာကြာပါပြီ ။ ဒါပေမယ့် ရိုးရိုး အသုံးပြုသူတွေ အတွက်တော့ အသစ် အဆန်းလေး ဖြစ်နေမှာပါ ။ UI ဆိုတာ User Interface အသုံးပြုသူ မျက်လုံး မြင်ရတာ ခံစား ရတာကို ဖြစ်ပါတယ်။ UX ဆိုတာကတော့ အသုံးပြုသူ မျက်လုံးနဲ့မြင်ရပြီး နောက်ထပ် ဘာဆက်လုပ်လို့ရမယ်ဆိုတာကို ဆက်သွယ်ပေးတဲ့ Objects တွေပါ ။ နှစ်ခုစလုံး တိုးတက်လာပါတယ်။

New Download

New Download

ကြည့်လိုက်ပါ အရင်က ဆို ကျွန်တော်တို့ ဒေါင်းလုဒ်ရယူပြီး သားဖိုင်တွေကို Right Click ပေးပြီးမှ ဒေါင်းလုဒ် လုပ်ထားတဲ့ဖိုဒါထဲကို သွားကြည့်ရတာပါ ။ အခု မလိုတော့ပါဘူး ဘေးက မှန်ဘီလူး ( Show in Finder ) ပုံလေးကို နှိပ်လိုက်တာနဲ့ ကိုယ်ဆွဲ ချထားတဲ့ဖိုင်ထဲ ကို တန်းရောက်သွားပါလိမ့်မယ် ။

Hanged coz of Plug-in ?

တစ်ခါတစ်လေ တစ်ချို့ Plug-in တွေ ဟဲန်းပြီး လေးသွားခဲ့ရင် အသုံးပြုသူတွေက မီးမြေခွေးက လေးသွားတယ်ဆိုပြီး ထင်တက်ကြပါတယ်။ တစ်ချို့ Plug-in တွေက ဟဲန်းသွားပေမယ့် ဘာ စာတန်း( Error Message ) မှ မပြတတ်ကြပါဘူး ။ Flash Player ဆိုတာမျိုးကျတော့ ပြပါတယ်။ သိသိ သာသာ လဲ လေးသွားတတ်ပါတယ်။

အခု မီးမြေခွေး ဗားရှင်း ( ၂၀.၀ ) မှာ ဟဲန်းသွားတယ်တာနဲ့ စာတန်းပြတဲ့ Plug-in ကို Disable လုပ်ပြီး ဆက် သုံးလို့ရပါမယ် ။ဆိုတော့ ဟဲန်ပြီး ပိတ်ကျသွားတာထက် စာလျှင် အခုလိုမျိုး ပိတ်လို့ရမယ့် နည်းလမ်းလေးက ကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ် သုံးလက်စတွေ မပျောက် ပျက်သွားတော့ဘူးပေါ့ ။

အထက်က ကျွန်တော်ပြောသွားတာတွေက အဓိက အသုံးပြုသူတွေ အတွက် မော်ဇီလာ က ကော ကျွန်တော်ကကော ကောင်းမယ် ထင်တဲ့ အတွက် ပြောပြထားတာဖြစ်ပါတယ် ။

အခြား HTML5 နဲ့ ပတ်သတ်တဲ့ နည်းပညာ အချို့လဲ ထပ်မံပါဝင်လာပါသေးတယ် ။ သုံးစွဲသူရဲ့ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို သုံးဆွဲသူ ခွင့်ပြုချက်နဲ့ တောင်းခံပြီး ကိုယ့် WebApp တွေကို Video Support , Audio Support လုပ်လို့ရအောင် လုပ်ပေးထားပါတယ်။ အသေး စိတ် စိတ်ဝင်စားလို့ ဖတ်ကြည့်ချင်တယ်ဆိုပါက လင်ခ့်တွင် သွားဖတ်ပါ ။

ကျေးဇူးတင်ပါတယ်

တင်အောင်လင်း

Another Add-On from a Myanmar Developer

Posted by tinaunglinn

0

This time , it was Thant Thet who tried this brilliant work-up . He did some development in WordPress called Myanmar Unicode Font Tagger and we use his plug-in here in mozillamyanmar.org to display our unicode text correctly.

Now it is Myanmar Font Tagger as Firefox add-on that recently published at addons.mozilla.org . Here is the link . You can download Myanmar Unicode Font Tagger WordPress plug-in here .

We need much more care about end-users endurance and experience which will let them use latest technologies’ advantages quickly and wisely.

Thanks You Thant Thet.

Thank You all who support Open Web.

Tin Aung Linn